အသားအရေအမျိုးအစားများ

MM Beauty

များပြားလွန်းတဲ့ Skin Care တံဆိပ်တွေ ပစ္စည်းအမျိုးအစားတွေအများကြီးထဲမှာ ကိုယ့်အသားအရေနဲ့ ကိုက်ညီတဲ့ တံဆိပ်နဲ့ ပစ္စည်းကို လိုက်ရှာရတာ တကယ်တော့ မလွယ်လှပါဘူး အဲ့တော့ skin care ပစ္စည်းတွေအတွက် သုံးလိုက်တဲ့ပိုက်ဆံတွေ အလဟဿမဖြစ်စေဖို့ အရေးအကြီးဆုံး ပထမအဆင့်ဖြစ်တဲ့ ကိုယ့်အသားအရေအမျိုးအစားကို ဘယ်လိုခွဲခြားရမလဲဆိုတဲ့ နည်းလမ်းတွေမျှ‌ ဝေပေးချင်ပါတယ်



အဓိကအမျိုးအစား၅မျိုး

၁) ခြောက်သွေ့အသားအရေ (Dry Skin) က ပုံမှန်ထက်တင်းတင်းခြောက်ခြောက်ကြီးခံစားတတ်ရပါတယ် မျက်နှာမှာ အစိုဓာတ်အလွန်နည်းပါးပြီး အသားအရေအလွှာလိုက် အဖတ်လိုက်ဖြစ်နေတတ်ပါတယ်



၂) အဆီပြန်အသားအရေ (Oily skin)က ချွေးပေါက်တွေအောက်က အဆီဂလင်းတွေကနေ လိုအပ်တာထက်ပိုပြီး အဆီထုတ်ပေးတတ်တဲ့ အသားအရေပါ။ အဆီပြန်အသားအရေပိုင်ရှင်တွေက ချွေးပေါက်ပိတ်ပြီး ဝက်ခြံဖြစ်နိုင်ခြေ ပိုများပါတယ်



၃) ပေါင်းစပ်အသားအရေ (Combination skin)ကတော့ အရမ်းလဲမခြောက်ဘဲနဲ့ အရမ်းလဲ အဆီမပြန်တဲ့အသားအရေပါ။

T zoneလို့ခေါ်တဲ့ နဖူး၊ နှာခေါင်းနဲ့ မေးစေ့တို့မှာတော့ အဆီထွက်တတ်ပေမယ့် ပါးနဲ့ မေးရိုးတစ်လျှောက်ကတော့ ခြောက်ခြောက်သွေ့သွေ့ရှိနေပါလိမ့်မယ်



၄) ပုံမှန်အသားအရေ (Normal skin) ကတော့ အဆီထုတ်လုပ်မှုရော အစိုဓာတ်အနေနဲ့ရော မျှတတဲ့အခြေအနေမှာ ရှိတဲ့ အသားအရေပါ။ တော်တော်များများက အဆီပြန်တာနဲ့ ခြောက်သွေ့တဲ့အသားအရေရှိတာကြောင့် ဒီအသားအရေအမျိုးအစားက အနည်းငယ်ရှားပါးပါတယ်



၅) ထိခိုက်လွယ်အသားအရေ (Sensitive skin)ကတော့ skin care ပစည်းတွေမှာပါတဲ့ အမွှေးနံ့တွေ, ဓာတုပစည်းတွေကြောင့် အလွယ်တကူဝက်ခြံတွေ ဓာတ်မတည့်မှုတွေဖြစ်တတ်တဲ့ အသားအရေပါ။

အဆီပြန်/ ခြောက်သွေ့/ ပေါင်းစပ်အသားအရေပိုင်ရှင်တွေကလည်း ထိခိုက်လွယ်တဲ့ အသားအရေမျိုးရှိနိုင်ပါတယ်။



ကိုယ့်အသားအရေအမျိုးအစားကို ဘယ်လိုစမ်းသပ်မလဲ

ကိုယ့်ရဲ့အသားအရေက ဘယ်အမျိုးအစားမှာပါဝင်မလဲဆိုတာကို အိမ်မှာပဲ အလွယ်တကူစမ်းသပ်လို့ရပါတယ်

မျက်နှာသစ်ပြီးချိန်မှာ ဘာမှမလိမ်းဘဲ တစ်နာရီလောက်ထားပြီး ကိုယ့်မျက်နှာကို တစ်ရှုးပါးပါးလေးနဲ့ နေရာအနှံ့ လိုက်တို့ကြည့်ပါ။

မျက်နှာအနှံ့မှာ တစ်ရှူးပေါ်ကို အဆီကပ်လာရင် အဆီပြန်အသားအရေပါ

မျက်နှာရဲ့တစ်ချို့နေရာမှာပဲ အဆီကပ်ရင် ပေါင်းစပ်အသားအရေပိုင်ရှင်ပါ။

တစ်ရှူးပေါ်မှ အဆီမပါသလောက်နည်းတယ်ဆိုရင် ခြောက်သွေ့အသားအရေ သို့မဟုတ် သာမန်အသားအရေပိုင်ရှင်ပါ။

အသားမှာ အဖတ်လိုက်ကြီး ခြောက်ပြီးတင်းနေရင်တော့ ခြောက်သွေ့အသားအရေဆိုတာသေချာပါတယ်



ကဲ အခုဆိုရင် ကိုယ့်အသားအရေနဲ့ကိုက်ညီတဲ့ product လေးတွေကိုပဲရွေးဝယ်တော့နော်