ပေါ်လွင်လှပ ပင်ကိုယ်သဘာဝ
လေ့လာသင်ယူ ဝင်ငွေထူ Misss နဲ့အတူ

Misss ရဲ့“ပေါ်လွင်လှပ ပင်ကိုယ်သဘာဝ” အစီအစဉ်ဟာ အမျိုးသမီးငယ်တွေ သဘာဝကုန်ကြမ်းပစ္စည်းတွေကိုအသုံးပြုပြီး အရင်းအနှီးနည်းနည်းနဲ့ လက်မှုပစ္စည်းလေးတွေ ဘယ်လိုဖန်တီးထုတ်လုပ်နိုင်မလဲဆိုတာကို အိမ်မှာနေရင်းအလွယ်တကူလေ့လာလို့ရတဲ့ ဗီဒီယိုသင်ခန်းစာတွေနဲ့ သင်ကြားပေးသွားမဲ့အစီအစဉ်ပဲဖြစ်ပါတယ်။ ဒါအပြင် “လေ့လာသင်ယူ ဝင်ငွေထူ Misss နဲ့အတူ” လို့ ဆိုထားတဲ့အတိုင်း မြန်မာအမျိုးသမီးငယ်တွေ မိမိတို့ရဲ့ပင်ကိုယ်မူဟန်နဲ့ သဘာဝရဲ့စစ်မှန်မှုကိုတန်ဖိုးထားတတ်ပြီး ကိုယ်ပိုင်စွမ်းရည်ကို မြှင့်တင်နိုင်စေဖို့သာမက ကိုယ်တိုင်ဖန်တီးထားတဲ့ သဘာဝလက်မှုပစ္စည်းလေးတွေကိုရောင်းချရင်း အိုးမကွာအိမ်မကွာ အပိုဝင်ငွေရှာနိုင်စေဖို့မျှော်မှန်းပြီး ဒီအစီအစဉ်ကို တင်ဆက်ရခြင်းဖြစ်ပါတယ်။



Misss Myanmar Viber Chat Bot မှတဆင့် အစီအစဉ်ကို ဝင်ရောက်ပါဝင်နိုင်ပါပြီ။

Misss နဲ့အတူ စိတ်ဝင်စားဖွယ်ကောင်းတဲ့ သဘာဝအိမ်တွင်းလက်မှုကုန်ပစ္စည်းများဖန်တီးပြုလုပ်နည်းကို အပတ်စဉ် ‌လေ့လာသင်ယူလိုက်ပါ။