ဆန်းစစ်မြန်မာရဲ့ "အိပ်မက်တွေကို အစပျိုးမယ်" အစီအစဉ်၏ရည်ရွယ်ချက်

ဆန်းစစ်ချစ်သူတို့ရေ...........

ဆန်းစစ်ချစ်သူမြန်မာမိန်းကလေးတွေမှာ ကိုယ်စီဖြစ်ချင်တဲ့ အိပ်မက်တွေရှိတယ်ဟုတ်? အဲ့ဒါဆိုရင်တော့ ဒီအစီအစဉ်လေးက သင့်အတွက် အရမ်းအသုံးဝင်မှာပါ!

ဆန်းစစ်မြန်မာရဲ့ "အိပ်မက်တွေကို အစပျိုးမယ်" အစီအစဉ်က မြန်မာမိန်းကလေးတွေကို ကိုယ့်ရဲ့ အိပ်မက်တွေနောက်ကို ဘယ်လိုအခက်အခဲရှိရှိ ပန်းတိုင်ရောက်အောင် လျှောက်လှမ်းနိုင်ရန် ခွန်အားတွေပေးဖို့ အဓိက ရည်ရွယ်ပါတယ်။ ဒီအစီအစဉ်ကနေ ကိုယ့်အိပ်မက်တွေဆီအရောက်သွားဖို့ ဘယ်လိုအစီအစဉ်ဆွဲရမယ်ဆိုတာ စနစ်တကျပြောပြပေးမှာဖြစ်သလို ဆံကေသာ၊ မိတ်ကပ်နဲ့ ပန်းချီပညာရပ်ဆိုင်ရာ အခြေခံသင်တန်းလေးတွေကိုလည်း အခမဲ့တင်ဆက်ပေးသွားမှာဖြစ်လို့ ခုပဲပါဝင်လိုက်ရအောင်!