![sunsilk campaign](http://ubeautyzone.com/cdn/shop/files/About_Sunsilk_article_photo-min_1024x1024.png?v=1635843191)
Sunsilk အကြောင်း
Sunsilk ခေါင်းလျှော်ရည် အမှတ်တံဆိပ်သည် ၂၀၁၂ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံရှိသုံးစွဲသူများထံသို့ Unilever EAC Myanmar Company Limited မှမိတ်ဆက်ယူဆောင်ပေးခဲ့ပါသည်။
မြန်မာအမျိုးသမီးငယ်များ၏နေ့စဉ်ဘဝတွင် ယုံကြည်မှုအပြည့်ဖြင့်လျှောက်လှမ်းကျော်ဖြတ်နိုင်စေရန် ပိတုန်းရောင်လိုနက်မှောင်တောက်ပသောဆံကေသာနှင့် တစ်နေကုန်ပုံကျလှပပြီးမွှေးပျံ့သောဆံကေသာတို့ကို ပေးစွမ်းနိုင်သော ခေါင်းလျှော်ရည်အမျိုးအစားများကြောင့် လူကြိုက်များပြီး ရွေးချယ်သုံးစွဲသော အမှတ်တံဆိပ်တစ်ခုဖြစ်သည်။ ယခုအခါတွင် Sunsilk သည် ဆန်းစစ်ချစ်သူမြန်မာမိန်းကလေးများ မိမိတို့အိပ်မက်ကိုအောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန် အထောက်အကူပြုအခမဲ့သင်တန်းများကို “အိပ်မက်တွေကိုအစပျိုးမယ်” အစီအစဉ်ဖြင့်တင်ဆက်လျက်ရှိသည်။
![sunsilk campaign](http://ubeautyzone.com/cdn/shop/files/About_the_campaign_article_photo-min_1024x1024.png?v=1635843190)
Sunsilk ရဲ့ “အိပ်မက်တွေကိုအစပျိုးမယ်” အစီအစဉ်အကြောင်း
ဆန်းစစ်ချစ်သူမြန်မာမိန်းကလေးများ၏မိမိတို့ကိုယ်စီရည်မှန်းချက်အိပ်မက်များနောက်သို့အောင်မြင်စွာလျှောက်လှမ်းစေနိုင်ဖို့ Sunsilk ကကူညီရန်အသင့်ပါပဲ!
Sunsilk ရဲ့ “အိပ်မက်တွေကိုအစပျိုးမယ်”အစီအစဉ်ဟာဆိုရင် ဆန်းစစ်ချစ်သူမြန်မာမိန်းကလေးများ မိမိတို့အိပ်မက်နောက်ကိုအောင်မြင်စွာလျှောက်လှမ်းနိုင်ဖို့ အစီအစဉ်စနစ်တကျရေးဆွဲနည်းတွေကို “အိပ်မက်တွေကိုအစပျိုးဖို့အစီအစဉ်ရေးဆွဲခြင်း”ဆိုတဲ့ဗီဒီယိုစီးရီးလေးနဲ့တင်ဆက်သွားမှာဖြစ်သလို မြန်မာအမျိုးသမီးငယ်များကြား ရေပန်းအစားဆုံးဝါသနာဘာသာရပ်(၃)ခုဖြစ်တဲ့ ဆံကေသာ၊မိတ်ကပ်နဲ့ ပန်းချီအနုပညာအခြေခံသင်တန်းများကိုလည်း ကျွမ်းကျင်ပညာရှင်များနှင့်ပူးပေါင်းပြီး တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ မိမိကြိုက်နှစ်သက်ရာသင်ခန်းစာများကို သင်ယူကြည့်ရှုနိုင်ပြီး သက်ဆိုင်ရာဘာသာရပ်၏ သင်ခန်းစာများပြီးဆုံးပါက ဉာဏ်စမ်းမေးခွန်းတိုများဖြေဆိုကာ သင်တန်းပြီးဆုံးကြောင်းလက်မှတ်များကိုလည်း ထုတ်ယူနိုင်ပါသေးတယ်နော်!
အခုပဲ Sunsilk ရဲ့ “အိပ်မက်တွေကိုအစပျိုးမယ်” အစီအစဉ်မှာပါဝင်ပြီး လှပတဲ့ဆံကေသာ ၊လှပတဲ့အိပ်မက်တွေကို အရယူလိုက်ရအောင်!
![sunsilk campaign](http://ubeautyzone.com/cdn/shop/files/How_to_participate_article_photo-min_1024x1024.png?v=1635843190)
အစီအစဉ်မှာဘယ်လိုပါဝင်နိုင်မလဲ
Sunsilk ရဲ့ “အိပ်မက်တွေကိုအစပျိုးမယ်” အစီအစဉ်မှာပါဝင်ဖို့ ၂၀၂၁ခုနှစ် စက်တင်ဘာလမှစတင်၍ ပြသနေသောဆန်းစစ်ရဲ့ ”အိပ်မက်တွေကိုအစပျိုးမယ်”တီဗီကြော်ငြာမှာ QR code ကို scanဖတ်၍သော်လည်းကောင်း၊ ဆန်းစစ်ခေါင်းလျှော်ရည်အထုပ်ငယ်များနောက်မှ QR code ကို scan ဖတ်၍သော်လည်းကောင်း Sunsilk Myanmar Viber community group သို့ဝင်ရောက်နိုင်ပါသည်။
သို့တည်းမဟုတ် မိမိ၏ Viber app တွင်လည်း Sunsilk Myanmar ဟုရိုက်နှိပ်ကာရှာဖွေဝင်ရောက်နိုင်ပါသည်။
အဆိုပါ Sunsilk Myanmar Viber community တွင် အပတ်စဉ်တင်ဆက်ပေးနေသော အခမဲ့သင်ခန်းစာများကို ရယူနိုင်ပါပြီ။