“စိုးရိမ်ပူပန်မှုများကို ခေါင်းရှင်းရှင်းထားပြီး ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ CLEAR မှ မြန်မာ့ပထမဆုံး တယ်လီဖုန်းမှတဆင့် နှစ်သိမ့်ဆွေးနွေး ၀န်ဆောင်မှုများပေးနေသော Call Me Today နှင့်အတူ ပူးပေါင်းကူညီပေးနေပါပြီ။“
ကျွန်ုပ်တို့၏ရည်ရွယ်ချက်
မြန်မာပြည်လူဦးရေရဲ့ ၇၅%ဟာ စိုးရိမ်ကြောင့်ကြမှုများနဲ့ ရင်ဆိုင်နေရပြီး ၄င်းတို့အနက် ရာခိုင်နှုန်းတော်တော်များများမှာ စိတ်ကျန်းမာရေး၏ အရေးပါမှုကို မသိရှိကြသည့်အပြင် အကူအညီရယူရန်လည်း အခက်အခဲများစွာရှိနေပါသည်။ CLEAR Myanmar မှ မြန်မာပြည်သူများရဲ့ စိတ်ကျန်းမာရေးနှင့် လူမှုဘ၀တိုးတက်ရေးအတွက် ကူညီစောင့်ရှောက်ရန် မြန်မာ့ပထမဆုံး တယ်လီဖုန်းမှတစ်ဆင့် နှစ်သိမ့်ဆွေးနွေး ၀န်ဆောက်မှုများပေးနေသည့် CALL ME TODAY နှင့်အတူ ပူးပေါင်းပြီး စိတ်ခံစားချက်များအား တယ်လီဖုန်းမှတဆင့် အခမဲ့ရင်ဖွင့်တိုင်ပင်နိုင်မည့် “ခေါင်းရှင်းသွားဖို့ ရင်ဖွင့်တိုင်ပင်စို့” လူမှုကူညီရေး အစီအစဥ်အား မိတ်ဆက်လိုက်ပါတယ်။ မြန်မာပြည်သူများ ကြုံတွေ့နေရသည့် စိုးရိမ်စိတ်များနှင့် စိတ်ဖိစီးမှုများကို အတွေ့အကြုံရှိ ပညာရှင်များထံသို့ ရင်ဖွင့်ဆွေးနွေးတိုင်ပင်ပြီး အကူအညီရယူကာ ကြုံတွေ့လာသော အခက်အခဲများကို ခေါင်းရှင်းရှင်းထားပြီး ရင်ဆိုင်နီုင်စေရန် ရည်ရွယ်ပါသည်။
Q: Clearရဲ့ အခမဲ့ဆွေးနွေးတိုင်ပင်မှု Hotline ဆိုတာ ဘာလဲ?
A: Clearရဲ့ အခမဲ့ဆွေးနွေးတိုင်ပင်မှု Hotline ဆိုတာ ၀ါရင့်အတွေ့အကြုံရှိ ဆွေးနွေးပညာရှင်များထံသို့ တယ်လီဖုန်းမှတဆင့် မိမိစိတ်ခံစားချက်များကို အမည်မဖော်ပဲ အခမဲ့ ဆွေးနွေးတိုင်ပင်အကူအညီရယူနိုင်သော Free telephone counselling service ဖြစ်ပါသည်။
Q: Clearရဲအခမဲ့ဆွေးနွေးတိုင်ပင်မှု Hotline ကို ဘယ်ရက် ဘယ်အချိန်တွေမှာ ခေါ်ဆိုဆက်သွယ်လို့ရနိုင်မလဲ?
A: Clearရဲ့ အခမဲ့ဆွေးနွေးတိုင်ပင်မှု Hotline ကို အပတ်စဥ် တနင်္လာနေ့မှ စနေနေ့အထိ (Monday to Saturday) ၊ ညနေ ၅နာရီမှ ည ၁၁နာရီအတွင်း (5pm – 11pm) ခေါ်ဆိုဆက်သွယ်၍ ဆွေးနွေးတိုင်ပင် ရင်ဖွင့်နိုင်ပါတယ်။
Q: Clearရဲ့ အခမဲ့ဆွေးနွေးတိုင်ပင်မှု Hotline ကို ဘယ်အချိန်ကာလအထိ ဆောင်ရွက်သွားဖို့ စီစဥ်ထားပါသလဲ?
Clearရဲ့ အခမဲ့ဆွေးနွေးတိုင်ပင်မှု Hotline ကို ၂၀၂၂ ခုနှစ် ဧပြီလအလယ်အထိ ဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်။
Q: ရင်ဖွင့်ပြောပြချင်လျှင် ကြိုတင်ဘွတ်ကင်တင် (booking) ၊ Appointment ယူစရာလိုပါသလား?
A: ရင်ဖွင့်ပြောပြဖို့အတွက် ကြိုတင်ဘွတ်ကင်တင်ခြင်း (booking) နှင့် Appointment ယူခြင်းများ လုပ်ဆောင်ရန်မလိုအပ်ပါ။ သတ်မှတ်ထားသည့် Operations Hours များဖြစ်တဲ့ တနင်္လာနေ့မှ စနေနေ့အထိ (Monday to Saturday) ၊ ညနေ ၅နာရီမှ ည ၁၁နာရီအတွင်း (5pm – 11pm) စိတ်ကြိုက်ခေါ်ယူဆက်သွယ်ပြီး အတွေ့အကြုံရှိ ပညာရှင်များနှင့် တိုက်ရိုက်ဆွေးနွေး ရင်ဖွင့်နိုင်ပါတယ်။
Q: ဆွေးနွေးတိုင်ပင်လိုပါက ခေါ်ဆိုဆက်သွယ်သူရဲ့ နာမည် (သို့မဟုတ်) အထောက်အထားတစ်ခုခု ပေးရန်လိုအပ်ပါသလား?
A: Clearရဲ့ အခမဲ့ဆွေးနွေးတိုင်ပင်မှု Hotline မှ လူတစ်ဦး၏ စရိုက်လက္ခဏာများကို ဖော်ပြနိုင်တဲ့ ခေါ်ဆိုသူ၏ နာမည်နှင့် အထောက်အထားများကို လုံးဝမေးမြန်းမည်မဟုတ်ပါ။ သို့ဖြစ်ပါ၍ ခေါ်ဆိုသူ၏ မည်သူမည်ဝါဖြစ်ကြောင်း၊ အထောက်အထားများနှင့် ရင်ဖွင့်ဆွေးနွေးခဲ့ခြင်းများကို မိမိဆွေးနွေးတိုင်ပင်ခဲ့သည့် ပညာရှင်မှအပ မည်သူမှ သိနိုင်ခွင့်မရှိပါ။
Q: တိုင်ပင်ဆွေးနွေးကာ ရင်ဖွင့်ထားသည့်ခေါ်ဆိုမှုများအား အသံသွင်းမှတ်တမ်းယူထားခြင်းများ ရှိပါသလား?
A: လူတိုင်း၏ အတွင်းရေး Privacy အား လုံခြုံစိတ်ချမှုရှိစေရန်အတွက် ခေါ်ဆိုမှုများအား လုံးဝ အသံသွင်းမှတ်တမ်းယူထားခြင်းများ မရှိပါ။
Q: Clearရဲ့ အခမဲ့ဆွေးနွေးတိုင်ပင်မှု Hotline သို့ တစ်ကြိမ်ခေါ်ဆိုလျှင် အချိန်ဘယ်လောက်ကြာကြာ ဆွေးနွေးတိုင်ပင်နိုင်မလဲ?
A: လူတစ်ယောက်ကို တစ်ကြိမ်ခေါ်ဆိုလျှင် အကြမ်းဖျင်းအားဖြင့် ၄၅ မိနစ်ကြာခန့် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။
Q: ၄၅ မိနစ်ကျော်သွားခဲ့ရှိသော် ဘယ်လိုဆက်လက်ရင်ဖွင့်နိုင်မလဲ?
A: ပုံမှန်အားဖြင့် တစ်ဦးလျှင် ရင်ဖွင့်ချိန် အလွန်ဆုံး ၃၀-၄၅ မိနစ်သာကြာနိုင်သည်ဖြစ်ပါတယ်။ ၄၅ မိနစ်ကျော်သွားပြီး နောက်တစ်ကြိမ်ဆွေးနွေးတိုင်ပင်ရန် လိုအပ်ခဲ့သည်ရှိသော် Clearရဲ့ အခမဲ့ဆွေးနွေးတိုင်ပင်မှု Hotline မှ နောက်တစ်ကြိမ် ပြန်လည်ဆက်သွယ်နိုင်ရန် စီစဥ်ပေးမှာဖြစ်ပါတယ်။
Q: ဖုန်းလိုင်းများ မအားလပ်မှု ဖြစ်နေလာခဲ့ပါက ဘယ်လိုစီစဉ်ထားပါသလဲ (သို့မဟုတ်) ဘယ်လိုလုပ်ရမလဲ?
A: အခမဲ့ဆွေးနွေးတိုင်ပင်မှု Hotline ဖြစ်တာကြောင့် ခေါ်ဆိုမှုများပြားနိုင်သည့်အပြင် ဖုန်းလိုင်းများမအားလပ်သည့် အခြေအနေနှင့် ကြုံတွေ့နိုင်ပါသည်။ ထိုကဲ့သို့ သင်၏ ခေါ်ဆိုမှုကို လက်မခံနိုင်ခဲ့သည်ရှိသော် operating hours ဖြစ်သည့် ညနေ ၅နာရီ မှ ၁၁နာရီ အတွင်း ထပ်မံခေါ်ဆိုကြည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ CLEAR ရဲ့ အခမဲ့ဆွေးနွေးတိုင်ပင်မှု Hotline ၏ Professional Counsellors Team မှ သင်ရဲ့ခေါ်ဆိုမှုကို လက်ခံနိုင်ရန် ကြိုးစားပြီး စီစဉ်မှုများပြုလုပ်သွားပါမည် ။
Q: Call Me Today ဆိုတာ ဘယ်သူတွေလဲ?
Call Me Today ကို ၂၀၁၈ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာ့ပထမဆုံး တယ်လီဖုန်းမှတဆင့် နှစ်သိမ့်ဆွေးနွေး၀န်ဆောင်မှုများပေးသည့် အဖွဲ့အစည်းအဖြစ် ရပ်တည်ခဲ့ပါသည်။ Call Me Today မှ ဆွေးနွေးတိုင်ပင်နိုင်မည့် Counsellor များမှာ Professional Certified Counsellor များဖြစ်သည့်အပြင် Counsellor တစ်ဦးစီလျှင် မြန်မာပြည်သူများအတွက် ခေါ်ဆိုဆွေးနွေးမှုပေါင်း နာရီ ၂၀၀ ကျော်ကို ဝန်ဆောင်မှုပေးခဲ့ပြီး ဆက်သွယ်လာသူများ၏ ယုံကြည်အားကိုးမှုကို ကောင်းမွန်စွာ လက်ခံရရှိထားပါသည်။ မိမိစိတ်ထဲမှ မွန်းကြပ်မှုများ၊ ဘယ်သူ့ကိုမှ ဖွင့်မပြောရဲလို့ ရင်ထဲသိမ်းထားရတာတွေနဲ့ စိတ်ဖိစီးမှုကစလို့ စိုးရိမ်ပူပန်စိတ်တွေနဲ့ လူမှုပြဿနာတွေကြောင့် ခံစားရသောစိတ်ခံစားချက်များကို Call Me Today မှာ အမည်မဖော်ဘဲ Counsellor များထံ ဖုန်းဆက်ကာ ရင်ဖွင့်ဆွေးနွေးနိုင်ပါသည်။ Call Me Today သည် FALLING WALLS LAB MYANMAR 2020 တွင် “လက်လှမ်းမမီနိုင်သောဒေသများမှ ရင်ဖွင့်ချင်သူများအတွက် ဆွေးနွေးတိုင်ပင်နိုင်သော ဝန်ဆောင်မှုရရှိနိုင်ရန် ကြိုးပမ်းခြင်း” (Breaking the wall of Inaccessible Counselling) ခေါင်းစဥ်ဖြင့် ဒုတိယဆုရရှိခဲ့ပြီး နိုင်ငံတကာအဆင့်တွင်လည်း တင်ပြခွင့်ရရှိခဲ့ပါသည်။ ယခုအခါ Call Me Today အနေဖြင့် Clear Myanmar နဲ့အတူ လက်တွဲပူးပေါင်းကာ မြန်မာပြည်သူများအား ယခင်ထက်ပိုပြီး လက်လှမ်းမှီမှီ ၀န်ဆောင်မှုပေးရန် ရည်ရွယ်ပြီး ယခုအစီအစဉ်အားမိတ်ဆက်ရခြင်းဖြစ်ပါသည်။