မျက်နှာပေါ်က အမဲစက်တွေအကြောင်း

ကျွန်မတို့ရဲ့ ဘ၀မှာ မျက်နှာပေါ်က အမဲစက်က တစ်ချိန်ချိန်မှာ ကြုံတွေ့ရတဲ့အ‌ရေပြား ပြဿနာထဲက တစ်ခုပါ။ အမဲစက်တွေပေါ်လာတဲ့အခါ အမဲစက်လျှော့ချပေးတဲ့ skin care ပစ္စည်းတွေကိုတွေကစပြီး concealer အထိအမျိုးမျိုးသော ပစ္စည်းတွေကို သုံးလေ့ရှိကြပါတယ်။ ဒါပေမယ့် အမဲစက်တွေဘယ်လိုပေါ်လာလဲဆိုတဲ့ အကြောင်းရင်းကိုတော့‌ သေချာသိတဲ့သူနည်းပါတယ်။ အမဲစက်တွေပေါ်လာတတ်တဲ့ အကြောင်းရင်းကို သေချာသိပြီးမှ ဘယ်လိုကာကွယ်ရမလဲ ဘယ်လို လျော့နည်းအောင်လုပ်ရမလဲဆိုတာကို ဆက်ရွေးချယ်တာ ပိုနည်းလမ်းကျပါလိမ့်မယ်။

 

အမဲစက်တွေဘာကြောင့်ပေါ်ရလဲ

အမဲစက်တွေဖြစ်ရတဲ့ အကြောင်းရင်းတွေ အကြမ်းဖျင်းအားဖြင့် ၄မျိုးခွဲခြားလို့ရပါတယ်

၁) နေလောင်ခြင်း - အန္တရာယ်ရှိတဲ့ UV တွေနဲ့ထိတွေ့တဲ့အခါ ကျွန်မတို့ရဲ့မျက်နှာက သဘာဝနေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးတဲ့ melanin ဓာတ်ကို ထုတ်ပေးပါတယ်။ ဒါပေမဲ့ melanin ထုတ်လုပ်မှုများသွားတဲ့အခါမှာတော့ မျက်နှာပေါ်မှာ အမဲစက်တွေပေါ်လာတတ်ပါတယ်။

၂) အသားအရေ‌ရောင်ရမ်းခြင်း - မျက်နှာမှာ နှင်းခူနာတို့ ၀က်ခြံတို့လိုမျိုး အသားကိုရောင်ရမ်းစေတဲ့ အနာမျိုးတွေထွက်လာပြီး ရောင်ရမ်းမှုတွေကျသွားရင် အမဲစက်အနေနဲ့ကျန်နေတတ်ပါတယ်။

၃) ဟော်မုန်းပြောင်းလဲခြင်း - အမျိုးသမီးတွေ အသက်အရွယ်နဲ့ နေထိုင်မှုlifestyle အရ ဟော်မုန်းအပြောင်းအလဲဖြစ်လာချိန်မှာ အသားအရောင်ပြောင်းလဲစေတဲ့ melasmaကို ဖြစ်စေပါတယ်။ အဲ့လိုအခါမျိုးမှာလဲ အမဲစက်တွေပေါ်လာတတ်ပါတယ်။

၎) ဆီးချို နှင့် အချို့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးများ - အသားအရောင်ကွက်ပြီး မဲလာခြင်းက ဆီးချို‌ဝေဒနာရှင်တွေမှာ တစ်ခါတစ်ရံတွေ့ရတတ်တဲ့ လကဏာမျိုးပါ။ တစ်ချို့သောဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့လဲ အမဲစက်ပေါ်လာတာမျိုးဖြစ်တတ်ပါတယ် (ဥပမာ - non-steroidal anti-inflammatory drugs (NSAIDs), tetracyclines, and psychotropic ဆေးဝါးများ)

အဲ့အကြောင်းရင်းလေးခုထဲမှာ နေလောင်ခြင်းနဲ့ အသားအရေရောင်ရမ်းမှုကနေကျန်ခဲ့တဲ့ အမဲစက်အမျိုးအစားက ပိုအဖြစ်များပါတယ်။

 

ဘယ်လိုကာကွယ်ကုသရမလဲ

ကိုယ့်မျက်နှာပေါ်က အမဲစက်ကဘာကြောင့်ဖြစ်တာလဲအတိအကျသိပြီဆိုရင်တော့ ကာကွယ်တာနဲ့ ကုသတာကို နည်းလမ်းတကျလုပ်လို့ရပြီပေါ့ (ဥပမာ- ကိုယ်က နေပူထဲထွက်တာများတဲ့သူဆိုရင် နေရောင်ကာ SPF ပါတဲ့ sun screen သို့မဟုတ် moisturizerကို သုံးတာဟာ အမဲစက်တွေမဖြစ်အောင်ထိထိရောက်ရောက်ကာကွယ်တဲ့နည်းပါ။ နေရောင်ဒဏ်ကကာကွယ်ပေးတဲ့ SPF ပါတဲ့အပြင် အမဲစက်လျှော့ချပေးတဲ့ Vitamin B3လဲပါဝင်တဲ့ POND’S Flawless Radiance Day Cream လိုမျိုးmoisturizer ကိုသုံးလို့ရှိရင် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့)

အမဲစက်ကင်းညီညာဝင်းပတဲ့ အသားအရေမျိုးပိုင်ဆိုင်ကြပါစေ