Glow & Lovley ဝင်းလက်လျှောက်လှမ်း အနာဂတ်လမ်း အစီအစဉ်

MM Beauty

မြန်မာအမျိုးသမီးတို့ရဲ့ ဝင်းလက်လျှောက်လှမ်း အနာဂတ်လမ်း ချောမွေ့စေဖို့အတွက် Glow & Lovely မှ ကူညီပေးနေပါတယ်။

Glow & Lovely ရဲ့ “ဝင်းလက်လျှောက်လှမ်း အနာဂတ်လမ်း” အစီအစဉ်ကတော့ အနာဂတ်ရည်မှန်းချက် အိမ်မက်တွေကို ယုံကြည်မှုရှိရှိ အကောင်အထည်ဖော်ကြမယ့် မိန်းကလေးတို့အတွက် ကိုယ်တိုင်သင်ယူလေ့လာနိုင်တဲ့ Business English နဲ့ Small Business Management အွန်လိုင်းသင်ခန်းစာတွေ ရယူလေ့လာနိုင်မယ့် အစီအစဥ်တစ်ခုဖြစ်ပါတယ်။ Business English နှင့် Small Business Management ဘာသာရပ် ၂ခုကို သင်ယူနိုင်မှာဖြစ်ပြီး ဘာသာရပ်တစ်ခုစီရဲ့ သင်ခန်းစာအသစ်တွေကို လတိုင်းတင်ပေးသွားမှာဖြစ်ပြီး ဘာသာရပ်အလိုက် သင်ခန်းစာများ အားလုံးပြီးစီးကာ assessment test 80% နှင့်အထက် အောင်မြင်ပါက Certificate များလည်းပေးအပ်သွားမှာဖြစ်ပါတယ်။

Business English ဘာသာရပ်မှာတော့ သင်ခန်းစာ (၇)ခု ပါဝင်မှာဖြစ်ပြီး ကိုယ်ပိုင် CV ပြင်ဆင်ခြင်း ၊ အလုပ်အင်တာဗျုးအတွက်ပြင်ဆင်ခြင်း စတဲ့ အလုပ်အတွက် အထောက်အကူဖြစ်စေမည့် သင်ခန်းစာများသင်ယူနိုင်မှာပါ။

Small Business Management ဘာသာရပ်တွင် သင်ခန်းစာ (၈)ခု ပါဝင် မှာဖြစ်ပြီး ကိုယ်ပိုင်လုပ်ငန်းစတင်လိုသူများအတွက် လိုအပ်တဲ့ စီးပွားရေးစီမံခန့်ခွဲမှုအကြောင်းအရာများကို လေ့လာနိုင်မှာဖြစ်ပါတယ်။

ခုပဲ Glow & Lovely ဝင်းလက်လျှောက်လှမ်း အနာဂတ်လမ်း အစီအစဥ်မှာပါဝင်ပြီး Business English နဲ့ Small Business Management Onlineသင်ခန်းစာများ အခမဲ့ရယူကာ စွမ်းဆောင်ရည်ကိုမြှင့်တင်လိုက်ပါ။

 

 Glow & Lovely နဲ့ ဝင်းလက်လျှောက်လှမ်း အနာဂတ်လမ်း သို့  တူတူရှေ့ဆက်ရအောင်။