မိန်းကလေးတိုင်းသိသင့်သည့် ဗောက်ပြဿနာအတွက်အဖြေ

MM Beauty

မိန်းကလေးတိုင်းသိသင့်သည့် ဗောက်ပြဿနာအတွက်အဖြေ

ဆံပင်အမျိုးအစားတိုင်းအတွက် ဗောက်တွေကိုရှင်းထုတ်နည်း

ဗောက်ပြဿနာက လူတိုင်းကြုံတွေ့လေ့ရှိတတ်ပေမယ့် ဆံပင်အမျိုးအစားတိုင်းအတွက် ဖြေရှင်းနည်းတွေက တော့မတူညီနိုင်ပါဘူး။ မိမိ ဆံပင်အမျိုးအစားပေါ်မူတည်ပြီး ဗောက်ဖြစ်စေတဲ့ အကြောင်းအရင်းတွေက ကွဲပြားကောင်းကွဲပြားနိုင်ပါတယ်။

ဆံသားမတူညီတဲ့ အ‌ပေါ်မှာ မူတည်ပြီးတော့ အခုပြောပြပေးမယ့် နည်းလမ်းတွေက ဗောက်တွေကို ရှင်းထုတ်ဖို့ကူညီပေးပါလိမ့်မယ်။ ဒါ့အပြင် သင်နဲ့ သင့်တော်တဲ့ မည်သည့် ဗောက်ပျောက်ခေါင်းလျှော်ရည်အမျိုးအစားကို အသုံးပြုသင့်လည်းဆိုတာ ပြောပြပေးသွားပါမယ်။



ဖြောင့်စင်းတဲ့ဆံကေသာပိုင်ရှင်များ

ဆံသားဖြောင့်တဲ့သူတွေအများစုက ဆံပင်ပါးတယ်လို့ထင်ရတဲ့အပြင် ဗောက်ပြဿနာပါရင်ဆိုင်ရမယ်ဆိုရင်တော့ သင့်ဆံပင်နဲ့ပတ်သတ်ပြီး စိတ်ညစ်ရနိုင်ပါတယ်။

‌‌



CLEAR Sakura Fresh Anti-dandruff Shampoo ကဲ့သို့ ဗောက်ပျောက်ခေါင်းလျှော်ရည် ကို အသုံးပြုမယ်ဆိုလို့ရှိရင် ဗောက်တွေကိုရှင်းပေးမယ့်အပြင် ဆံသားကို ပိုထူသယောင် ဖြစ်စေမယ့်အာနိသင်ကိုလည်းပေးနိုင်ပါတယ်။

‌ရေစိုနေသော ဆံပင်ကို ခေါင်းလျှော်ရည်ဖြင့် ပျံနှံ့စွာလျှော်ပြီး ကြက်သီး‌နွေးရေဖြင့်ဆေးကြောပါ။‌ အတွင်းပိုင်းထိ သန့်စင်ဖို့လိုနေသေးတယ်ဟု ယူဆပါက နောက်တစ်ကြိမ်ထပ်မံလျှော်နိုင်ပါသည်။

ကောက်သောဆံကေသာပိုင်ရှင်များ



ဆံသားကောက်တဲ့သူတွေအနေနဲ့ ဦးရေပြားကထွက်လေ့ရှိတဲ့ ဆံပင်အတွက်အကျိုးပြုအဆီတွေက ဆံသားကို သိပ်ပြီးမရောက်တဲ့ပြဿနာတွေကြုံလေ့ရှိတတ်ပါတယ်။ ဒါ့ကြောင့်ဆံပင်တွေက ပျော့သင့်သလောက် မပျော့ပြောင်းတာမျိုးဖြစ်တတ်ပါယ်။



CLEAR Complete Soft Care Anti-dandruff Shampoo လို ဆံသားကို ပျော့စေပြီး အစိုဓာတ်ဖြည့်ပေးတဲ့ ခေါင်းလျှော်ရည်မျိုး ရွေးချယ်အသုံးပြုဖို့အရေးကြီးပါတယ်။

CLEAR Complete Soft Care Anti-dandruff Shampoo နဲ့ အသုံးပြုမယ်ဆိုရင် ဗောက်တွေကိုရှင်းပေးမယ့်ပြင် ဆံသားပျော့ပြောင်းဖို့လည်း ကူညီပေးပါလိမ့်မယ်။

ဆံသားခြောက်တဲ့ ဆံကေသာပိုင်ရှင်

ဆံသားခြောက်ပြီး ဗောက်ပြဿနာရှိတဲ့ သူတွေအတွက် အဖြေကတော့ရိုးရှင်းပါတယ်။

ဦးရေပြားကို အားဖြည့်ပေးပြီး သင့်ဆံကေသာကို သန်စွမ်းစေမယ့် Clear Botanique Nourished and Healthy Shampoo ကဲ့သို့ ခေါင်းလျှော်ရည်မျိုးရွေးချယ်သင့်ပါတယ်။

ရေစိုနေသော ဆံပင်ကို ခေါင်းလျှော်ရည်ဖြင့် ပျံ့နှံ့အောင်လျှော်ပေးပါ။

အဆီပြန်သောဆံပင်ပိုင်ရှင်

ဆံပင်နှင့်ဦးရေပြားမှာ ပုံမှန်ထက် အဆီပြန်လေ့ရှိတဲ့သူတွေက ဦး‌‌‌ရေပြားအဆီပြန်ခြင်းကို ပုံမှန်ဖြစ်အောင်ထိန်းညှိပေးနိုင်တဲ့ ဗောက်ပျောက်ခေါင်းလျှော်ရည်မျိုးကို ရွေးချယ်သင့်ပါတယ်။

Clear Botanique Balanced and Bouncy Shampoo ကဲ့သို့ခေါင်းလျှော်ရည်ကို အသုံးပြုမယ်ဆိုရင် ဗောက်ကင်းစင်ပြီး လှပသန်စွမ်းတဲ့ ဆံကေသာကို ရရှိနိုင်ပါတယ်။

ခေါင်းလျှော်တဲ့ အခါ အဆီနဲ့ အညစ်အကြေးတွေ ပြောင်စင်သွားအောင် သေချာစွာ လျှော်ပေးဖို့လိုပါတယ်။

*ဗောက်ကင်းစင်တဲ့ ဆံကေသာရရှိဖို့အတွက် တစ်ပတ်ကို ၃ ကြိမ်မှ ၄ ကြိမ်အထိ ပုံမှန်ခေါင်းလျှော်ပေးသင့်ပါတယ်။