အိပ်မက်အကောင်အထည်ဖော်နိုင်တဲ့ မိန်းမပျိုဖြစ်ဖို့ ဘာတွေလုပ်ရမလဲ။

MM Beauty

ကိုယ့်အနီးပါးက ကိုယ့်လိုအမျိုးသမီးချင်းတွေ လေးစားအားကျရတဲ့သူတစ်ယောက်ဖြစ်ချင်လား။ ဒီလိုဖြစ်ဖို့ ဘာတွေလုပ်ဖို့လိုမလဲ သိချင်တယ်ဆိုရင် အောက်က အချက်လေးတွေကို ဆက်ဖတ်လိုက်ပါ။


၁- ကိုယ့်အိပ်မက်ပန်းတိုင် ကိုအပျောက်မခံပါနဲ့။

အိပ်မက်နောက်လိုက်နေတဲ့အခါ အရေးကြီးဆုံးအချက်က ပန်းတိုင်ကို မျက်ခြေအပြတ်မခံပဲ အာရုံစိုက်နေဖို့ ပါပဲ။ ပန်းတိုင်ဟာ ခရီးလမ်းအဆုံးမှာရှိနေတာမို့ ကိုယ့်ရည်ရွယ်ရာရောက်တဲ့အထိ ရဲရဲရဲဝံ့ဝံ့နဲ့ လျှောက်လှမ်းဖို့ လိုပါတယ်။


၂ - တိုးတက်မှုရှိလာဖို့ လုပ်ဆောင်ပါ။

ကိုယ့်အိပ်မက်တွေဖြစ်လာဖို့ အရေးကြီးဆုံး ဂရုစိုက်ရမဲ့ အရာကတော မိမိကိုယ်တိုင်ပဲဖြစ်ပါတယ်။ ရုပ်ပိုင်း၊ စိတ်ပိုင်း နဲ့ ခံစားချက်တွေကို မျှတအောင် ထိန်းညှိနိုင်ဖို့ ကျန်းမာရေး ညီညွတ်တဲ့ အစားအစာတွေစားပါ၊ လေ့ကျင့်ခန်းလုပ်ပါ၊ ညမအိပ်ခင် ဒိုင်ယာရီလေးရေးပါ၊ ဆံနွယ်နဲ့ အသားအရေ ထိမ်းသိမ်းမှုတွေလုပ်ပါ။


၃ - အကောင်းမြင်စိတ်မွေးပါ။

အရာရာတိုင်းက ကိုယ်မျှော်လင့်ထားသလို ဖြစ်လာမှာ မဟုတ်တဲ့အတွက် အကောင်းမြင်စိတ်မွေးဖို့ အရေးကြီးပါတယ်။ ကြည်လင်တဲ့ စိတ်ထားဟာ အောင်မြင်မှုရအောင် အထောက်အကူ ဖြစ်စေပါလိမ့်မယ်။


၄ - ကိုယ်နဲ့ သင်တော်တဲ့ အကောင်းဆုံးနည်းလမ်းတွေကို ရှာဖွေဖော်ထုတ်ပါ။

ဆံကေသာထိန်းသိမ်းတဲ့အခါ ကိုယ်နဲ့သင့်တော်တဲ့ပစ္စည်းတွေကို အသုံးပြုသလို အိပ်မက်ပန်းတိုင်ဆီသွားတဲ့ အခါလည်း အသင့်တော်ဆုံးလမ်း ရွေးချယ်ဖို့လိုပါတယ်။ လူတိုင်းနဲ့ သင့်တော်တဲ့ စံသတ်မှတ်ချက်ဆိုတာ မရှိလို့ အချိန်ပေးပြီး မှန်ကန်တဲ့လမ်းကို ရှာဖွေပါ။ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ မတွန့်ဆုတ်လိုက်ပါနဲ့။


၅ - မိန်းကလေးချင်းကြားက ညီအစ်မဆန်တဲ့ ခင်မင်မှုကို ထိန်းသိမ်းဖို့ မမေ့ပါနဲ့။

သွေးမတော်သားမစပ်တဲ့ မိန်းကလေး အချင်းချင်းကြားမှာ ညီအစ်မရင်းချာလို ချစ်ခင်ကြင်နာမှုနဲ့ ဖေးမ စောင့်ရှောက်ပြီး ရိုင်းပင်းကူညီဖို့နဲ့ သွေးမကွဲဖို့ သတိထားရပါမယ်။


၆ - လုပ်ပိုင်ခွင့်/လုပ်နိုင်ခွင့်ကို လက်ဆင့်ကမ်းပေးပါ။

ကိုယ့်အနီးဝန်းကျင်က အမျိုးသမီးတွေကို ဆက်သွယ်ချိတ်ဆက်ပြီး တစ်ဦးကိုတစ်ဦး ကူညီနိုင်ရုံမက အခြားသူတွေကိုပါ အောင်မြင်မှုရအောင် ဖေးမလမ်းညွှန်ပေးနိုင်ဖို့ အဝန်းအဝိုင်းလေးတစ်ခု အစပြုဖို့ အကြံပေးချင်ပါတယ်။


၇ - ကိုယ့်ရဲ့အားနည်းချက်ကိုသိပြီး ကိုယ်ရဲ့အားသာချက်ကို မြှင့်တင်ပါ။

အားနည်းချက်သိရင် အခက်အခဲတစ်ဝက်ကို ကျော်လွှားနိုင်ပြီလို့ ပြောကြပါတယ်။ ကျန်တစ်ဝက်ကိုတော့ အားသာချက် အသုံးပြုပြီး ကျော်ဖြတ်ရမှာပါ။ ဘယ်အားသာချက်တွေက ပန်းတိုင်ကို အရောက်ပို့ပေးနိုင် မလဲဆိုတာ စဉ်းစားပြီး ပိုတိုးတက်အောင် ကြိုးစားဖို့လိုပါတယ်။ ဒီလိုဆိုရင် အခွင့်အရေးတွေ ရလာတဲ့အခါ အမိအရဆုပ်ကိုင်ဖို့ အဆင်သင့်ဖြစ်နေမှာပါ။

ဒီအချက်တွေလိုအပြင် အိမ်မက်နောက်ကိုလိုက်ချင်တဲ့ မိန်းကလေးတွေအတွက် အကျိုးရှိစေမဲ့ အစီအစဉ် တစ်ခု အကြောင်း သတင်းကောင်းပါးချင်ပါတယ်။ လက်ရှိမှာ Sunsilk က “အိပ်မက်တွေကို အစပျိုးဖို့
အစီအစဉ်ရေးဆွဲခြင်း” ဆိုတဲ့ အစီအစဉ်ကို အကောင်အထည်ဖော်နေပါတယ်။ စိတ်ဝင်စားတဲ့သူတိုင်း Sunsilk မြန်မာရဲ့ viber community ကို အခမဲ့ဝင်ရောက်ပြီး ပါဝင်နိုင်ပါတယ်။ Community ထဲမှာ အိပ်မက် အစီအစဉ် ရေးဆွဲတဲ့အခါသိသင့်တဲ့ အကြောင်းအရာတွေ၊ အထောက်အကူပြု မှတ်စုစာအုပ်တွေ၊ ဆံပင်၊ မိတ်ကပ်နဲ့ ပန်းချီပညာ tutorial video တွေအပြင် အိပ်မက်နောက်လိုက်ကြတဲ့ အမျိုးသမီးလေးတွေ ပြောပြတဲ့ သူတို့အကြောင်းကို လေ့လာနိုင်မှာဖြစ်ပါတယ်။ မိန်းကလေး အချင်းချင်းက လေးစားအားကျရတဲ့သူ ဖြစ်လာချင်တဲ့ မိန်းမပျိုလေးတွေ အတွက် အချိန်မီ ပါဝင်နိုင်အောင် သတင်းကောင်းပါးလိုက်ပါတယ်။