မျက်နှာပေါ်ကဆဲလ်သေများအကြောင်း

အခုတလော social media မှာ Exfoliate (ချေးချွတ်)နည်းတွေနဲ့ ထုတ်ကုန်တွေ အရမ်းခေတ်စားလာပါတယ်။ အလှအပစိတ်ဝင်စားတဲ့မိန်းကလေးတွေအတွက် Exfoliate ဘာကြောင့်လုပ်ရလဲ ဘယ်နည်းတွေ ထုတ်ကုန်တွေက ကိုယ်နဲ့ သင့်လျော်မလဲဆိုတာ‌ လေ့လာချင်ရင် ဒီ blog ကို ဆက်ပြီးဖတ်ရှုပေးပါနော်။

Exfoliate (ချေးချွတ်)ခြင်းဆိုတာဘာလဲ

Exfoliate ကို မြန်မာလို ချေးချွတ်လို့ဘာသာပြန်တဲ့အောက်မှာ ဖုန်မှုန့်တွေ အညစ်အကြေးတွေနဲ့ချေးတွေကိုဖယ်ရှားတယ်လို့ လူတော်တော်များများထင်ကြပါတယ်။ တကယ်တော့ Exfoliate လုပ်တာက ပြင်ပကအညစ်အကြေးတွေအပြင် ကိုယ့်အသားအရေကထုတ်တဲ့ အညစ်အကြေး (တစ်နည်းအားဖြင့်ဆဲလ်သေ)တွေကို ဖယ်ရှားသန့်စင်တာပါ။

ဆဲလ်သေဆိုတာဘာလဲ

ကျွန်မတို့ရဲ့အရေပြားကို အပေါ်ယံအလွှာ (Epidermis), အလယ်အလွှာ (Dermis), အရေပြားအောက်ဆုံးအဆီလွှာ (Hypodermis) ဆိုပြီးသုံးလွှာနဲ့ ဖွဲ့စည်းထားပါတယ်။ ရက်(၃၀) ၀န်းကျင် တစ်လှည့်နှုန်းနဲ့ အပေါ်ယံအလွှာကဆဲလ်တွေက သေပြီးကြွေကျတဲ့အခါ အလယ်အလွှာကအရေပြားအသစ်က အရေပြားအပေါ်ဆုံးကိုအစားထိုး ရောက်လာပါတယ်။

ဒါပေမဲ့ အရင်အပေါ်ယံအလွှာက သေဆုံးပြီးတဲ့ဆဲလ်တွေက အရေပြားပေါ်မှာကပ်ကျန်နေတာမျိုးဖြစ်လာတဲ့အခါမှာ အသားအရေထူပိန်းပိန်းဖြစ်တာမျိုး၊ ခြောက်သွေ့သလိုမျိုးနဲ့ ချွေးပေါက်ပိတ်တာမျိုးတွေဖြစ်စေပါတယ်။

အဲ့အချိန်မှာမျက်နှာကလည်း ဖွေးဖွေးလက်လက်လေးမဖြစ်တော့ပါဘူး။

စိတ်ချပြီးထိရောက်တဲ့ ချေးချွတ်နည်းများ

မျက်နှာပေါ်မှာ ဆဲလ်သေတွေများလာတဲ့အချိန်မှာ အဲ့ဆဲလ်သေတွေကို သေချာဖယ်ရှားသန့်စင်ဖို့ Exfoliate (ချေးချွတ်) လုပ်ကြပါတယ်။ ချေးချွတ်နည်းတွေမှာ Chemical ထုတ်ကုန် Mechanical ထုတ်ကုန်နဲ့ နည်းတွေဆိုပြီး အမျိုးမျိုးရှိပါတယ်။

Chemical ထုတ်ကုန်တွေမှာဆိုရင် Alpha Hydroxy Acid, Beta Hydroxy Acid ပါဝင်တဲ့ထုတ်ကုန်တွေအသုံးပြုနိုင်ပါတယ်။ တတ်နိုင်သမျှ အနူးညံ့ဆိုးပါဝင်ပစည်းတွေကို သုံးချင်ရင်တော့ POND’S White Beauty Facial foam လိုမျိုး Micro Exfoliation Technology ပါတဲ့ ပစ္စည်းလိုမျိုးကိုသုံးနိုင်ပါတယ်။

Mechanical ထုတ်ကုန်နဲ့နည်းတွေထဲမှာဆိုရင် Dermatologist တွေနဲ့ Dermaplaning (အပေါ်ယံအလွှာကို နူးညံ့စွာခြစ်ထုတ်ခြင်း), Exfoliating Brush သုံးတာမျိုးတွေ ပါဝင်ပါတယ်။ ဒါပေမဲ့ mechanical နည်းနဲ့ ချေးချွတ်တာက အရေပြားအထူးကုဆရာဝန်တွေနဲ့ပဲ ပြုလုပ်ဖို့ အကြံပေးချင်ပါတယ်။

အခုဆိုရင် ဆဲလ်သေတွေအကြောင်းနဲ့ သူတို့ကို ဘယ်လိုဖယ်ရှားရမလဲဆိုတာသိသွားပြီဆိုတော့ ဆဲလ်သေတွေကင်းပြီး ဖွေးလက်အသားအရေလေးရအောင် လုပ်လိုက်တော့နော်