Vaseline အမှတ်တံဆိပ်ရဲ့ အကြောင်း

Vaseline အမှတ်တံဆိပ်သည် သူ၏ မူလရေနံဂျယ်လီအဆီပစ္စည်းဖြင့် ဓာတုဗေဒပညာရှင်တစ်ဦးက ၁၈၇၀ခုနှစ်၊ အမေရိကန်ပြည်ထောင်စုတွင် စတင်မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။ ရေနံဂျယ်လီ သို့ Vaseline Petroleum Jelly သည် အသားရေထိခိုက်ရှနာများနှင့် အရေပြားပြဿနာများကို ကုသပေးနိုင်သည့် အစွမ်းရှိသောကြောင့် နာမည်ကျော်ကြားသည့် ပစ္စည်းတစ်ခုဖြစ်လာခဲ့သည်။ အသားရေကို ကုသပေးနိုင်စွမ်းရှိသည့် Vaseline Petroleum Jelly အရည်စက်လေးများသည် Vaseline Lotion တိုင်းတွင် ပါဝင်သောကြောင့် ကျန်းမာတဲ့ အသားရေကို ပေးစွမ်းနိုင်သည်။

Vaseline အမှတ်တံဆိပ်ကို မြန်မာနိုင်ငံတွင် ၂၀၁၇ခုနှစ်မှစတင်မိတ်ဆက်ပေးခဲ့သည်။ လက်ရှိအချိန်တွင် Vaseline ၏ မူပိုင် Vaseline Petroleum Jelly နှင့် Body Lotion များကို မြန်မာနိုင်ငံရှိ သုံးစွဲသူများအတွက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။ GlutaGlow™ နည်းပညာအသစ်ပါဝင်သည့် Vaseline Healthy Bright UV Extra Brightening Lotion သည် မြန်မာနိုင်ငံတွင် ‌ရောင်းအားအကောင်းဆုံး Lotion တစ်ခုဖြစ်ပြီး အသားအရေကို (၇)ရက်အတွင်း တစ်ဆင့်ကျန်းမာဝင်းပလာစေနိုင်ပါသည်။

Vaseline ၏ ကျန်းမာသုခ အလှူဒါနအကြောင်း

Vaseline ၏ အဓိကရည်မှန်းချက်မှာ အသားရေကို ကုသပေးပြီး လူတိုင်းကျန်းမာတဲ့ အသားအရေနဲ့ ဘဝကို အပြည့်အဝနေသွားစေနိုင် ဖြစ်သည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများအားလုံး ကျန်းမာတဲ့ အသားရေကို ပိုင်ဆိုင်ပြီး ဘဝကိုအပြည့်အဝနေနိုင်သွားစေရန် ရည်ရွယ်ပြီး ၂၀၁၉ခုနှစ်မှာ Vaseline ရဲ့ ကျန်းမာသုခအလှူဒါနအစီအစဥ်ကို စတင်မိတ်ဆက်ပေးခဲ့သည်။ Vaseline မှ လူတိုင်း အသားအ‌ရေထိန်းသိမ်းမှုနည်းလမ်းများကို အလွယ်တကူရရှိနိုင်ရန်နှင့် အသားအရေကျန်းမာ‌ရေး ပညာပေးများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။