Vaseline Myanmar မှ #နွေရာသီအမှတ်တရတွေကိုမျှဝေပါ အမည်ဖြင့် ဓာတ်ပုံပြိုင်ပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ပြိုင်ပွဲ၏ ရည်ရွယ်ချက်မှာ Vaselineကို လူအများ အသုံးပြုစေရန်ဖြစ်ပြီး နွေရာသီတွင် အသားအရေအတွက် စိတ်ပူပင်စရာမလိုဘဲ ပျော်ရွှင်ဖွယ် အမှတ်တရများ ဖန်တီးစေရန် ဖြစ်ပါတယ်။
ပြိုင်ပွဲနှင့်သက်ဆိုင်သော စည်းမျဥ်းစည်းကမ်းများ
၁။ ပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့မှ မေလ (၃၁) ရက်နေ့ မြန်မာစံတော်ချိန် ၂၃:၅၉ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ သတ်မှတ်ထားသော အချိန်ကာလထပ် နောက်ကျမှ ရောက်ရှိလာသော ပြိုင်ပွဲဝင်များအား ဆုလက်ဆောင်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။
၂။ ပါဝင်ယှဉ်ပြိုင်ပုံအဆင့်ဆင့်
၂.၁။ ပြိုင်ပွဲဝင်များအနေဖြင့် Vaseline Myanmar Facebook Page [https://www.facebook.com/vaselinemyanmar] ကို Like လုပ်ထားရပါမည်။
၂.၂။ ပြိုင်ပွဲဝင်များသည် Vaseline 5D SPF 50+ Lotion နှင့် Vaseline Gluta Hya Overnight Serum Lotion ဗူးနှစ်ဗူးဖြင့် ရိုက်ထားသော နွေရာသီအမှတ်တရ ဓာတ်ပုံတစ်ပုံကို #Vaselineနဲ့ထာဝစဥ်အသားအရေဝင်းလက်စိုပြေ #ကြည်လင်ဝင်းပVaselineOvernightနဲ့ည #နေရာမရွေးကာကွယ်ဝင်းလက်VaselineSPF အစရှိသဖြင့် hashtag (၃) ခုပါဝင်သော caption နဲ့အတူ မိမိ၏ Facebook account တွင် public setting ဖြင့်တင်ရပါမည်။
၂.၃။ ပြိုင်ပွဲဝင်များအနေဖြင့် မိမိတို့တင်ထားသည့် post ကို screenshot ရိုက်ရပါမယ်
၂.၄။ ရိုက်ထားသော screenshot ကို မိမိတင်ထားသည့် ပို့စ်၏ link နှင့်တကွ ပြိုင်ပွဲအကြောင်း ကြေညာထားသော ပို့စ်အောက်ရှိ ကောမန့်တွင် လာရောက်ပို့ပေးရပါမည်။
၃။ အနိုင်ရရှိသူရွေးချယ်ခြင်းနှင့်ဆုလက်ဆောင်များ
၃.၁။ ပြိုင်ပွဲတွင် စုစုပေါင်း အနိုင်ရရှိသူ (၇) ယောက် ရွေးချယ်မည်ဖြစ်ပါသည်။
၃.၂။ အထူးဆုကံထူးရှင်သည် Awei Metta Resort ၌ ဗီဒီယိုရိုက်ကူးမှု (၁) ကြိမ်တွင် ပါဝင်ရမည် ဖြစ်ပါသည်။
၃.၃။ ဆန်ခါတင်ရွေးချယ်ထားသူများသည် မိမိတို့၏ နာမည်ရင်း အပြည့်အစုံ၊ မှတ်ပုံတင်နံပါတ်၊ ဖုန်းနံပါတ်၊ လိပ်စာနှင့် Facebook profile link တို့အား ပေးရမည် ဖြစ်ပါသည်။
၃.၄။ ဆုလက်ဆောင်များကို မည်သည့်အခြေအနေတွင်မဆို လဲလှယ်ခြင်း၊ ပြန်လည်ပေးအပ်ခြင်း၊ လွှဲပြောင်းခြင်း၊ ငွေသားဖြင့်ဖြစ်စေ အခြားသော အကျိုးအမြတ် တစ်ခုခုဖြင့်ဖြစ်စေ လဲလှယ်ခွင့် ပြုမည်မဟုတ်ပါ။
၄။ ပြိုင်ပွဲတွင် ပါဝင်ခြင်းဖြင့် ဆုရရှိသူများသည် လူတွေ့စစ်ဆေးခြင်းနှင့် ဓာတ်ပုံရိုက်ခြင်းအပါအဝင် ပြိုင်ပွဲနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုအားလုံးတွင် လိုအပ်သလို ပူးပေါင်းပါဝင်ဆောင်ရွက်ရန် သဘောတူညီပြီး ဖြစ်ပါသည်။ ဆုရရှိသူများသည် မိမိတို့၏ အမည်နှင့် ဓာတ်ပုံကို အသုံးပြုရန်လည်း သဘောတူရပါမည်။ ဆုရရှိသူ သို့မဟုတ် အခြားပါဝင်သူများနှင့် သက်ဆိုင်သည့် ကိုယ်ရေးကိုယ်တာအချက်အလက်များကို ၎င်းတို့၏ ကြိုတင်ခွင့်ပြုချက်မရှိဘဲ ပြင်ပအဖွဲ့အစည်းသို့ ထုတ်ဖော်မည်မဟုတ်ပါ။
၅။ ပြိုင်ပွဲဝင်များအနေဖြင့် ပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခြင်းဖြင့် မိမိတို့ တင်ထားသော အကြောင်းအရာများနှင့် ပို့စ်များအား Vaseline Myanmar က အသုံးပြုခွင့်ရရှိပြီး ဖြစ်ပါသည်။
၆။ Vaseline Myanmar မှ ဆုကြေးငွေများအား ၎င်း၏ဆုံးဖြတ်ချက်အတိုင်း အချိန်မရွေး ပြောင်းလဲပြင်ဆင်ပိုင်ခွင့် ရှိပါသည်။
၇။ ပြိုင်ပွဲနှင့်ပတ်သက်သည့် ကိစ္စရပ်အားလုံးနှင့်စပ်လျဉ်း၍ Vaseline Myanmar ၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်ပြီး အခြားမည်သည့်ရေးသားပေးပို့ချက်ကိုမျှ ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။
၈။ Vaseline Myanmar သည် ကြိုတင်အသိပေးခြင်းမရှိဘဲ ပြိုင်ပွဲ၏ စည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်များကို အချိန်မရွေး ပယ်ဖျက်ပြင်ဆင်နိုင်ခွင့် ရှိပါသည်။ သို့ရာတွင် ကြီးမားသည့် အပြောင်းအလဲများရှိပါက ပြိုင်ပွဲဝင်များအား အမြန်ဆုံး အသိပေးအကြောင်းကြားမည် ဖြစ်ပါသည်။
၉။ ဤပြိင်ပွဲကို ပါဝင်ခြင်းဖြင့် ပါဝင်သူတစ်ဦးချင်းစီတိုင်းသည် ဤစည်းမျဥ်းစည်းကမ်းများအား လိုက်နာပါမည်ဟု သဘောတူညီပြီး ဖြစ်ပါသည်။
Vaseline Myanmar #ShareYourSummerMoments Photo Contest
About the Contest
Vaseline Myanmar ("The Promoter") has introduced a fun photo contest called #ShareYourSummerMoments (“The Contest”). The purpose of the Contest is to encourage people to use Vaseline and enjoy the summer without worrying about their skin.
Terms and Conditions